ယဇ်ပုရောဟိတ်/မေလခိဇေဒက်
7
ဤ/မေလခိဇေဒက်/သည် ရှာလင်မြို့/၏/ဘုရင်/ဖြစ်ပြီး အမြင့်မြတ်ဆုံးသော/ဘုရားသခင်/၏ ယဇ်ပုရောဟိတ်/ဖြစ်၏။ အာဗြဟံ/သည် ရှင်ဘုရင်များ/ကို အနိုင်ရ/ပြီး အောင်ပွဲခံ/၍ ပြန်လာ/သောအခါ မေလခိဇေဒက်/သည် အာဗြဟံ/ကို ကြိုဆို/လျက် ကောင်းချီးပေးလေ၏။ 2 အာဗြဟံ/သည်လည်း ထို/မင်းကြီး/အား ရရှိသော/ပစ္စည်းများ/မှ ဆယ်ပုံတစ်ပုံ/ကို ပေးလှူ၏။ မေလခိဇေဒက်/ဟူသော အမည်/၏ အဓိပ္ပာယ်/မှာ “ဖြောင့်မတ်ခြင်း/၏/ဘုရင်” ဖြစ်ပြီး နောက်ပိုင်း/တွင် သူ့/ကို ရှာလင်/ဘုရင်/ဟု ခေါ်တွင်/ကာ “ငြိမ်းချမ်းရေး/ဘုရင်” ဟု အဓိပ္ပာယ်/ရ၏။ 3 သူ/၌ ဖခင်/နှင့်/မိခင်၊ မျိုးရိုး၊ ဘဝ/၏ အစ/အဆုံး စသည့် မှတ်တမ်းများ/မရှိပေ။ သူ/သည် ဘုရားသခင်/၏/သားတော်/ကဲ့သို့ ထာဝရ/ယဇ်ပုရောဟိတ်/အရိုက်အရာ/ကို ရရှိထားသူ/ဖြစ်၏။4 ကျွန်ုပ်တို့/၏/ဘိုးဘေး/အာဗြဟံ/သည် စစ်ပွဲ/မှ သိမ်းယူခဲ့သော ဥစ္စာပစ္စည်း/၏/ဆယ်ပုံတစ်ပုံ/ကို မေလခိဇေဒက်/အား ပေးလှူခဲ့ပြီး ဤသို့/ပေးလှူခြင်း/ခံရသူ/သည် မည်မျှ/ဂုဏ်အသရေ/ရှိကြောင်း ဆင်ခြင်ကြလော့။ 5 လေဝိ/အနွယ်/မှ ယဇ်ပုရောဟိတ်များ/သည် အာဗြဟံ/၏ သားမြေးများ/ပင်/ဖြစ်/သော်လည်း ပညတ်တရား/၏ စည်းမျဉ်း/အရ ဆယ်ဖို့တစ်ဖို့/ကို မိမိတို့/လူမျိုး/ထံမှ ကောက်ယူခွင့်/ရှိကြ၏။ 6 သို့သော် ဤ/မေလခိဇေဒက်/သည် လေဝိ/မျိုးဆက်/မဟုတ်/သော်လည်း သူ/သည် အာဗြဟံ/ထံမှ ဆယ်ဖို့တစ်ဖို့/အလှူ/ကို ခံယူ/လျက် ဘုရားသခင်/၏/ကတိတော်/ကို ရရှိထားသော အာဗြဟံ/အား ကောင်းချီးပေးခဲ့၏။ 7 ကောင်းချီး/ပေးသောသူ/သည် ကောင်းချီး/မင်္ဂလာ/ခံယူသူ/ထက် ပို၍/ကြီးမြတ်သည်/မှာ ငြင်းဆိုဖွယ်/မရှိ။
8 ဆယ်ပုံတစ်ပုံ/ကို ခံယူသော လေဝိ/အနွယ်/ယဇ်ပုရောဟိတ်တို့/သည် သေတတ်သော/လူများ/ဖြစ်ကြ/သော်လည်း ဆယ်ပုံတစ်ပုံ/ကို ခံယူသော ဤ/မေလခိဇေဒက်/မှာ အသက်ရှင်/ကြောင်း သက်သေ/ထင်ရှား၏။ 9 ဆယ်ပုံတစ်ပုံ/ကို ခံယူသော လေဝိ/သည်/ပင် အာဗြဟံ/မှတစ်ဆင့် မေလခိဇေဒက်/အား ဆယ်ပုံတစ်ပုံ/ကို ပေးလှူသည်/ဟု ဆိုနိုင်၏။ 10 အဘယ်ကြောင့်ဆိုသော် အာဗြဟံ/ထံမှ ဆယ်ပုံတစ်ပုံ/ကို မေလခိဇေဒက် ခံယူ/သောအချိန်/၌ လေဝိ/သည် မမွေးဖွားသေး/သော်လည်း သူ/၏ မျိုးစေ့/သည် အာဗြဟံ/၏ ကိုယ်/၌ ရှိနေ/သောကြောင့်/ဖြစ်၏။
ယဇ်ပုရောဟိတ်မင်း ယေရှု
11 အစ္စရေးလူမျိုးတို့/သည် လေဝိ/အနွယ်/မှ ဆင်းသက်သည့်/ယဇ်ပုရောဟိတ်/အမျိုး/ကို အခြေခံသော/ပညတ်တရား/ကို လက်ခံရရှိကြ၏။ ထို့ကြောင့် သူတို့/သည် ဤ/လေဝိ/အနွယ်/ယဇ်ပုရောဟိတ်/အားဖြင့် ပြီးပြည့်စုံမှု/ကို ရရှိသည်/မှန်/လျှင် လေဝိ/အနွယ် အာရုန်/နည်းတူ/မဟုတ်ဘဲ မေလခိဇေဒက်/နည်းတူ အခြား/ယဇ်ပုရောဟိတ်/တစ်ဦး/ပေါ်ထွန်းလာ/ရန် အဘယ်ကြောင့် လိုအပ်သေး/သနည်း။ 12 ယဇ်ပုရောဟိတ်/မျိုးနွယ်/ကို ပြောင်းလဲ/လျှင် ပညတ်တရား/ကို/လည်း ပြောင်းလဲ/ရမည်။ 13 ဤ/တွင် ကျွန်ုပ်တို့/ပြောဆိုနေသော ယဇ်ပုရောဟိတ်/မှာ အခြား/အနွယ် ဖြစ်ပြီး ထို/အနွယ်/ထဲမှ မည်သူ/မျှ ယဇ်ပလ္လင်/၌ အမှု/မဆောင်ရွက်/ဖူးပေ။ 14 ကျွန်ုပ်တို့/၏ သခင်/သည် ယုဒ/အနွယ်/မှ ဆင်းသက်တော်မူကြောင်း/ထင်ရှား၏။ မောရှေ/သည် ထို/ယုဒ/အနွယ်/မှ ယဇ်ပုရောဟိတ်/ပေါ်ထွန်းမည်/ဟု မည်သည့်/အခါမျှ မပြောခဲ့ပေ။ 15 မေလခိဇေဒက်/နှင့်/တူသော အခြား/ယဇ်ပုရောဟိတ်/တစ်ဦး/ပေါ်ထွန်းလာ/လျှင် ကျွန်ုပ်တို့ ပြောဆိုသည့် ယဇ်ပုရောဟိတ်/မျိုးနွယ် ပြောင်းလဲကြောင်း ပိုမို သိသာ/ထင်ရှား၏။ 16 ထို/ယဇ်ပုရောဟိတ်/သည် လေဝိ/အနွယ်/မှ ဖြစ်ရမည်/ဟူသော ပညတ်တရား/၏ စည်းမျဉ်း/အရ မဟုတ်ဘဲ မိမိ/၏/မပျက်စီးနိုင်သော/အသက်/တန်ခိုး/အရ ယဇ်ပုရောဟိတ်/ဖြစ်လာ၏။ 17 ဤ/အကြောင်း/နှင့်/ပတ်သက်၍ ကျမ်းစာ/၌
“သင်/သည် မေလခိဇေဒက်/နည်းတူ
ထာဝရ/ယဇ်ပုရောဟိတ်/ဖြစ်၏”
ဟု ဖော်ပြထား၏။
18 ယခင်/ပညတ်တရား/၏ စည်းမျဉ်း/သည် အားနည်း/၍ ကောင်းကျိုး/မပေးနိုင်/သောကြောင့် ဖျက်သိမ်းခြင်း/ခံရ၏။ 19 အဘယ်ကြောင့်ဆိုသော် ပညတ်တရား/သည် မည်သည့်/အရာ/ကို/မျှ ပြီးပြည့်စုံအောင်/မလုပ်ဆောင်နိုင်/သောကြောင့် ဖြစ်၏။ ယခု/တွင်မူ ပို၍/ကောင်းသော/မျှော်လင့်ချက် ရှိလာ/သဖြင့် ကျွန်ုပ်တို့/သည် ထို/မျှော်လင့်ချက်/ဖြင့် ဘုရားသခင်/ထံတော်/သို့ ချဉ်းကပ်ကြ၏။
20 ထို့ပြင် ယေရှု/၏ ယဇ်ပုရောဟိတ်/အရိုက်အရာ/သည် သစ္စာဆိုခြင်း/မပါဘဲ ဖြစ်လာသည်/မဟုတ်။ အခြား/သူတို့/၏/ယဇ်ပုရောဟိတ်/အရိုက်အရာ/မှာမူ သစ္စာဆိုခြင်း/မပါဘဲ ဖြစ်လာကြ၏။ 21 ဘုရားသခင်/သည် ယေရှု/အား ယဇ်ပုရောဟိတ်/အဖြစ် ခန့်ထားတော်မူ/သောအခါ
“ ‘သင်/သည် ထာဝရ/ယဇ်ပုရောဟိတ်/ဖြစ်၏’ ဟု
ထာဝရဘုရား/သစ္စာပြုတော်မူပြီ။
မိမိ/စိတ်တော်/ကိုလည်း ပြောင်းလဲတော်မူမည်/မဟုတ်”
ဟူ၍ ကိုယ်တော်/အား မိန့်တော်မူ၏။ 22 ဤ/သစ္စာပြုခြင်း/ကြောင့် ယေရှု/သည် ပို၍/ကောင်းသော/ပဋိညာဉ်/၏ အာမခံ/ဖြစ်လာ၏။
23 ယဇ်ပုရောဟိတ်တို့/သည် သေရ/သောကြောင့် အစဉ်အမြဲ အမှု/မထမ်းဆောင်/နိုင်ကြပေ။ သို့ဖြစ်၍ သူတို့/သည် အမြောက်အမြား/ရှိခဲ့၏။ 24 သို့သော် ယေရှု/မှာမူ ထာဝရ/အသက်ရှင်/သောကြောင့် ကိုယ်တော်/၏/ယဇ်ပုရောဟိတ်/အရိုက်အရာ/သည် မည်သည့်/အခါ/မျှ မပြောင်းလဲပါ။ 25 ထို့ကြောင့် ကိုယ်တော်/သည် မိမိ/ကို/အမှီပြု/၍ ဘုရားသခင်/ထံသို့ ချဉ်းကပ်လာ/သူများ/ကို အပြည့်အဝ/ကယ်တင်/နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်/သည် သူတို့/အတွက် အသနားခံပေး/ရန် ထာဝရ/အသက်ရှင်နေ/သောကြောင့်/ဖြစ်၏။
26 ထို/ယဇ်ပုရောဟိတ်မင်း/သည် သန့်ရှင်းသူ၊ အပြစ်/ကင်းသူ၊ ဖြူစင်သူ၊ အပြစ်သားတို့/နှင့် ခြားနားသူ၊ ကောင်းကင်ဘုံ/၌ အကြီးမြတ်ဆုံးသော နေရာ/သို့ ချီးမြှောက်/ခံရသူ/ဖြစ်/သောကြောင့် ကျွန်ုပ်တို့/လိုအပ်နေသော/ယဇ်ပုရောဟိတ်မင်း/မျိုး ဖြစ်၏။ 27 အခြား/ယဇ်ပုရောဟိတ်မင်းများ/သည် မိမိတို့/အပြစ်/အတွက် သော်လည်းကောင်း၊ လူတို့/၏ အပြစ်/အတွက်/သော်လည်းကောင်း နေ့တိုင်း/ယဇ်ပူဇော်ရ/သော်လည်း ကိုယ်တော်/သည် ထိုသို့/ပူဇော်/ရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်/သည် လူတို့/၏ အပြစ်/အတွက် မိမိ/အသက်/ကို ပူဇော်/စဉ်က တစ်ကြိမ်တည်း/နှင့် အပြီး ပူဇော်/သောကြောင့်/ဖြစ်၏။ 28 ပညတ်တရား/အရ ခန့်အပ်ထားသော ယဇ်ပုရောဟိတ်မင်း/သည် လူသား/ဖြစ်၍/အားနည်းချက်/ရှိ၏။ သို့သော် ပညတ်တရား/နောက်/၌ လာသည့်/သစ္စာပြုခြင်း/အားဖြင့် ခန့်အပ်ထားသော သားတော်/မှာမူ ထာဝရ/ပြီးပြည့်စုံတော်မူ၏။